Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း နှမ်းနက်(စမုံ)၊နှမ်းဖြူ၊ နှမ်းဖြူ(ဂျပန်)တို့စျေးကျပြီး နှမ်းနီစျေးတက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းဖြူ(ဂျပန်)စျေးကျပြီး နှမ်းနီစျေးတက်

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်တွင်နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။တစ်ပတ်အတွင်းကာလတူ(၂၆.၇.၂၀၂၂) ရက်နေ့နှင့်နှိုင်းယှဉ်ပါက အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းနက်(စမုံ)နှင့် နှမ်းဖြူ(သစ်)(ဂျပန်)စျေးများ စျေးကျကာနှမ်းနီစျေး မြင့်တက်လျှက်ကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ (သစ်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၄၀၀ဝဝ)ကျပ်စျေး၊ယခု တစ်ပတ် (၂၂၇၀ဝဝ)ကျပ် စျေး ဖြစ်သည့်အတွက် (၁၃၀ဝဝ)ကျပ်၊  နှမ်းဖြူမကွေး(သစ်) (၄၅)ပိဿာ (၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၂၂၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်တွင်(၂၁၀၀ဝဝ)ကျပ် စျေး ဖြစ်သည့်အတွက် (၁၂၀ဝဝ)ကျပ်၊ နှမ်းဖြူ(ဂျပန်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင်(၂၂၇၀ဝဝ) ကျပ်စျေး၊ ယခုတစ်ပတ်(၂၁၇၀ဝဝ) ကျပ်စျေးဖြစ်သည့် အတွက် (၁၀၀ဝဝ)ကျပ်အသီးသီးစျေးကျကာ နှမ်းနီ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်(၁၉၃၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၁၉၈၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၅၀ဝဝ) ကျပ်စျေးမြင့်တက်ပြီးအရောင်းအဝယ် ဖြစ်လျှက်ကြောင်းသိရှိရပါ သည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News